WELCOME !

မင်္ဂလာပါ WE LOVE MYANMAR မှ လှိုက်လှဲနွေးထွေးစွာကြိုဆိုပါတယ်

Saturday, July 30, 2016

M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ


ကိုလိုနီခေတ် မြန်မာပန်းချီလောကတွင်  M.T.Hla ဟုဆိုလျှင် မြန်မာများသာမက အနောက်တိုင်းသား ပန်းချီမြတ်နိုးသူများကလည်း  ကောင်းစွာ သိရှိကြသည်။ ၁၉ ရာစု နှောင်းပိုင်းခေတ် ဗြိတိသျှပန်းချီကျော်များ ဖြစ်သော ဂျေအမ်ဒဗလျူဟားနား ၊ သောမတ်စ်ဂါတင် ၊  ကော့မင်တို့သည် ဦးထွန်းလှ နှင့် ခေတ်ပြိုင်ပန်းချီဆရာများ ဖြစ်ကြသည်။ ထိုဆရာများ၏ လက်မှတ်ကို သဘောကျသဖြင့် အင်္ဂလိပ်အက္ခရာဖြင့်  M.T.Hla ဖြစ်လာခဲ့သည်။ ပန်းချီဆရာကြီး ဦးဘအုံးကဲ့သို့ပင် အနောက်တိုင်း ပန်းချီနည်းစနစ်ဖြင့် ဆီဆေး၊ ရေးဆေးတို့ကို ရေးဆွဲခဲ့သူ ဖြစ်သည်။ ပန်းချီဆရာကြီး ဦးထွန်းလှကို တွံတေးမြို့အပိုင် ဂျောင်ဝိုင်းကြီးကျေးရွာတွင် ၁၈၇၄ ခုနှစ်ခန့်က မွေးဖွားခဲ့သည် ။ မိဘများမှာ ဦးဘိုးဖေ နှင့် ဒေါ်မိတို့ ဖြစ်သည်။ ဦးထွန်းလှသည် ငယ်စဉ်က မငေးအလယ်ရွာ ဆရာတော် ဦးသုန္ဒရထံတွင် ပရိယတ္တိစာပေများနှင့် ပန်းချီပညာကိုပါ သင်ယူခဲ့သည်။ ဘုန်းကြီးကျောင်းရှိ ကနုတ်ပန်းရုပ်တုများ၊ ဘာသာရေးရုပ်လုံး ရုပ်ကြွများကို လေ့လာကူးဆွဲခဲ့သည် ။ စာပေဘက်တွင် ဉာဏ်ထက်မြက်ခဲ့ပြီး “အစားကိုသံတိုင်၊ အထိုင်ကိုသာထွန်း၊ အလွမ်းကိုရွှေကိုး၊ အပိုးမောင်အုန်းပွင့်” စသည်ဖြင့် စာချိုးခဲ့သည် ။ အခြားစာချိုးများစွာလည်း ရှိခဲ့သည်။ ဦးထွန်းလှကို ဆရာတော်က “တစ်ထွာပြလျှင် တစ်လံမြင်၊ ဉာဏ်စဉ်ထက်မြက်၊ ထွန်းလှစက်”ဟု ချီးကျူးခဲ့သည်။ သို့သော် ဦးထွန်းလှသည် ပန်းချီပညာဘက်ကို ပိုမို စိတ်ဝင်စားခဲ့လေသည်။

Thursday, March 31, 2016

မှုခင်းကိစ္စစုံစမ်းရန် တယ်လီနောဖုန်းသုံးစွဲသူ ၅၀ ကျော်၏အချက်အလက်များကို ရဲတပ်ဖွဲ့ တောင်းယူ


 မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းကိစ္စဖြစ်စဉ်များ စုံစမ်းရာတွင် အသုံးပြုရန် တယ်လီနောဖုန်းအသုံးပြုသူ ၅၈ ဦး၏ အချက်အလက်တောင်းဆိုမှုများ ရှိခဲ့ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် ပတ်တာဖာဘတ်က ပြောသည်။
‘‘ရဲတပ်ဖွဲ့ကနေ မှုခင်းကိစ္စ တွေစုံစမ်းဖို့အတွက်ဆိုပြီး တယ် လီနောဖုန်းအသုံးပြုသူတွေရဲ့အ ချက်အလက်တွေကို တောင်းဆိုခဲ့ တာ ၅၈ ခုအထိ ရှိခဲ့ပါတယ်။ တယ်လီနောအနေနဲ့ တောင်းဆိုမှု တွေကို သေချာစိစစ်ပြီး ၁၁ ခုကိုပဲထုတ်ပေးခဲ့ပါတယ်’’ဟု ပတ်တာဖာဘတ်က ပြောသည်။
ဖုန်းအသုံးပြုသူများထံမှ အ ချက်အလက်များ တောင်းဆိုရာ တွင် လူသတ်မှု၊ လူပျောက်မှု စ သည့်မှုခင်းဖြစ်စဉ်များနှင့်ပတ် သက်၍ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး တယ်လီနောက ဥပဒေအကြံပေး ဖြင့် တောင်းဆိုမှုကို ခိုင်လုံမှုရှိ၊ မရှိ ဆွေးနွေးခဲ့ပြီး ၁၁ ခုကိုသာ ထုတ်ပြန်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘ နိုင်ငံတော်လုံခြုံရေးနဲ့ မှု ခင်းကိစ္စတွေအတွက် ရဲက သူတို့ လိုချင်တဲ့ အချက်အလက်တွေ တောင်းတဲ့အခါမှာ အသုံးပြုသူ တွေရဲ့ အခွင့်အရေး မဆုံးရှုံး အောင် သေချာစဉ်းစားပြီးမှ လုပ် ရပါတယ်။ အဲဒီအတွက် ဘယ်လို အချက်တွေဆိုရင် ပေးသင့်တယ်၊ မပေးသင့်ဘူးဆိုတာ စည်းမျဉ်း တွေ ရေးဆွဲနေပြီး မကြာခင်မှာ အသုံးပြုသူတွေသိအောင် ထုတ် ပြန်ပေးသွားမှာဖြစ်ပါတယ်’’ဟု ပတ်တာဖာဘတ်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ မှုခင်းကိစ္စများအတွက် မိုဘိုင်းဖုန်းအသုံးပြုသူများ၏အ ချက်အလက်များကို တောင်းခံရာ ၌ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၏ထောက်ခံချက်ဖြင့်တောင်း ခံရသည့်စနစ်ကို ယာယီ အသုံးပြု လျက်ရှိကြောင်း သိရသည်။

Sunday, March 13, 2016

ဦးမြင့်ဆွေအပေါ် အမြင်များ

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ဒုသမ္မတအဖြစ်ရွေးချယ်ထားသည့် ဦးမြင့်ဆွေ (ဓာတ်ပုံ-လင်းဘိုဘို/အီးပီအေ)
တပ်မတော်သားကိုယ် စားလှယ်များက ဒုသမ္မတအဖြစ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမြင့်ဆွေ အား ရွေးချယ်အတည်ပြုလိုက် ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများ ကျယ်ပြန့်စွာထွက်ပေါ်နေသည်။
တပ်မတော်က ဒုသမ္မတအ မည်စာရင်းအတည်မပြုမီက တည်းက ဦးမြင့်ဆွေမှာ ရေပန်း စားနေပြီး ထိုစဉ်ကတည်းက ၎င်း အပေါ် ဝေဖန်မှုအချို့ရှိနေခဲ့ခြင်း ဖြစ်သည်။
တပ်မတော်အစိုးရလက် ထက်ကတည်းက ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏ လူယုံတစ် ဦးဖြစ်ခဲ့ပြီး သဘောထားတင်းမာ သူအဖြစ် နာမည်ထွက်ခဲ့သည့် ဦးမြင့်ဆွေအား ဒုတိယသမ္မတအ ဖြစ် ရွေးချယ်လိုက်ခြင်းသည် တပ်မတော်အနေဖြင့် ယခုအချိန် အထိ   ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)၏ သြဇာလွှမ်းမိုးမှုရှိနေသေးခြင်းကို ပြသရာရောက်နေသည်ဟု နိုင်ငံ ရေး စောင့်ကြည့်လေ့လာသူများ က သုံးသပ်သည်။
‘‘အရင်ကတည်းက သူ့ကို ယုံကြည်စိတ်ချလို့ပဲ နိုင်ငံရဲ့ အ ရေးကြီးဆုံးစီးပွားရေးမြို့တော်ကို အုပ်ချုပ်ဖို့ တာဝန်ပေးခဲ့တာပဲ လေ။ ဒီတစ်ကြိမ်ကတော့ ပြည် ခိုင်ဖြိုးပါတီကပါ ပူးတွဲပြီးတာဝန် ပေးတယ်လို့ ယူဆတယ်။ တပ်မ တော်အကျိုးစီးပွား။ သူတို့အကျိုး စီးပွားကို ကာကွယ်ဖို့ ဆက်လက် လုပ်ဆောင်ဖို့ ရွေးချယ်လိုက်တဲ့ သဘောပေါ့’’ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးမင်းဇေယျက ၎င်းအမြင် အား ပြောသည်။
‘‘တပ်မတော်မှာ မျိုးဆက် သစ်တွေအများကြီးရှိနေရဲ့နဲ့ နာ မည်ဆိုးအမျိုးမျိုးထွက်နေပြီး အများကလက်မခံမှန်းသိတဲ့သူ တစ်ယောက်ကို ရွေးချယ်တယ်ဆို တဲ့အခါမှာ စဉ်းစားစရာဖြစ်လာ တယ်။ ဒါဟာ အရင်ကပုံရိပ်တွေ ကို အကာအကွယ်လုပ်မယ့်သူကို သူတို့အနေနဲ့ ရွေးလိုက်တာလို့ ယူ ဆလို့ရနိုင်တယ်’’ဟု လေ့လာသူ ဦးသက်ဇင်က ဆိုသည်။
ဦးမြင့်ဆွေသည် DSA အ ပတ်စဉ် (၁၅)မှ  ဆင်းခဲ့သူဖြစ်ပြီး တပ်မ(၁၁)တွင်     တာဝန်ယူ ခဲ့ဖူးသူဖြစ်ကာ ၂၀၀၂ ကတည်း က ရန်ကုန်မြို့၏ လုံခြုံရေးကို အ ဓိကတာဝန်ယူရသည့် ကြီးမား သော ရာထူးနေရာများအတွက် တပ်မတော်အစိုးရလက်ထက်က တည်းက ပေးအပ်ခြင်းခံရသူဖြစ် သည်။
ဦးမြင့်ဆွေသည် ၁၉၅၁ ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွား သူတစ်ဦးဖြစ်ပြီး  အသက်မှာ(၆၅)နှစ်ရှိပြီဖြစ်သည်။  တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် အထိ တာဝန်ယူခဲ့ပြီး ၂၀၁၀ တွင် တပ်မတော်မှ  အငြိမ်းစားယူခဲ့ သည်။
ကစထ (၅) အကြီးအကဲအ ဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ၂၀၀၄ ၌ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ထောက်လှမ်းရေးအဖွဲ့ကို တပ်မ တော် (ကြည်း)က ရှင်းထုတ်သည့် Operation ကို ကိုင်တွယ်ရသူဖြစ် ခဲ့သည်ဟုလည်း သတင်းထွက် ပေါ်ခဲ့သည်။
ထို့အပြင် ၂၀၀၇ ရွှေဝါ ရောင် သံဃာ့အရေးလှုပ်ရှားမှု တွင်လည်း အဓိကရုဏ်းဖြိုခွင်း ရေးဘက်မှနေ၍ ဦးစီးတာဝန်ယူရ သူဖြစ်ကြောင်း သတင်းများက ဆိုသည်။
အဆိုပါ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးနှိမ်နင်းမှုလုပ်ရ သည်မှာ တာဝန်အရဆောင်ရွက် ရခြင်းဖြစ်ပြီး မှားယွင်းသည်ဟု တင်ပြလာပါက အရေးယူလျှင်ခံ နိုင်သည်ဟု ဦးမြင့်ဆွေက ပြောခဲ့ ဖူးသည်။
ဦးသိန်းစိန်အစိုးရလက် ထက်တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ယင်းသက်တမ်းတစ်လျှောက်၌ လည်း စီမံကိန်းများပွင့်လင်းမြင် သာစွာမရှိဘဲ ချထားပေးမှု၊ ဆန္ဒ ပြသူများနှင့် သပိတ်မှောက် ကျောင်းသားများကို အင်အားသုံး အကြမ်းဖက်နှိမ်နင်းခြင်းတို့ ပြု လုပ်ခဲ့ခြင်းကြောင့် ဝေဖန်မှုများရှိ ခဲ့သည်။
ထို့အပြင် ၎င်း၏အစိုးရအဖွဲ့ သည် လွှတ်တော်မှ မေးမြန်းချက် များအပေါ် အရေးတယူဖြေရှင်း ဆောင်ရွက်မှုအားနည်းခြင်း ကြောင့် အတိုက်အခံအမတ်အ ချို့က အပြစ်တင်ဝေဖန်ခဲ့သည်။
‘‘လွှတ်တော်က အစိုးရအဖွဲ့ ကို ထိန်းကျောင်းရမယ့်အစား ဦးမြင့်ဆွေဦးဆောင်တဲ့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကပဲ လွှတ်တော်ကို ကောင်းကောင်း ထိန်းကျောင်းနိုင်ခဲ့တယ်။ သူက တဇွတ်ထိုးစိတ်ရှိတယ်။ အထင် ရှားဆုံးဥပမာတစ်ခုကတော့ ရန်ကုန်မြို့သစ်စီမံကိန်းကို မီဒီ ယာတွေကတစ်ဆင့် အကောင် အထည်မဖော်ဖို့ ဖော်ပြခဲ့တာ တောင် ဇွတ်တိုးလုပ်ဆောင်ခဲ့ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်ဟောင်းဒေါက်တာညိုညိုသင်းက ပြောသည်။
ဦးမြင့်ဆွေသည် ဦးသိန်းစိန် အစိုးရလက်ထက် ဒုသမ္မတသီဟ သူရဦးတင်အောင်မြင့်ဦး အနား ယူစဉ်ကတည်းက    အစားထိုး ၀င်ရောက်ရန်   ရေပန်းစားခဲ့ပြီး ထိုစဉ်ကလည်း     ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ထို့နောက် ၎င်း၏ သားမက် ဖြစ်သူမှာ နိုင်ငံခြားသားခံယူထား ခြင်းကြောင့် ပုဒ်မ ၅၉(စ)နှင့် ငြိစွန်းခဲ့သဖြင့် ဒုသမ္မတနေရာနှင့် လွဲချော်ခဲ့သည်။
ယခုအခါ ၎င်း၏သားမက် ဖြစ်သူသည် မြန်မာနိုင်ငံသားပြန် လည်ခံယူထားပြီးဖြစ်၍ သမ္မတ နေရာအတွက် အရည်အချင်း ကိုက်ညီသွားခဲ့သည်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်သန်း လွင်က အဆိုပြုတင်သွင်းပြီး တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က ထောက်ခံခဲ့ခြင်းကြောင့် ဦးမြင့် ဆွေကို ဒုသမ္မတအဖြစ် အတည် ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ၎င်းအပေါ်ယခင် ကတည်းက ဝေဖန်ကန့်ကွက်မှု များရှိနေခဲ့ခြင်းကို ထည့်တွက်ခြင်း မရှိဘဲ ကြိုတင်သတင်းထွက်နေ သည့်အတိုင်း ရွေးချယ်ခဲ့ခြင်းအ တွက် ယင်းရွေးချယ်မှုအပေါ် မ လိုလားမှုများလည်းရှိနေသည်။
ယခုကဲ့သို့ ဦးမြင့်ဆွေအား တပ်မတော်ဘက်မှ ဒုသမ္မတအ ဖြစ် ရွေးချယ်ခဲ့ခြင်းအပေါ် ကန့် ကွက်ဝေဖန်မှုများရှိနေခဲ့သော် လည်း ပြန်လည်ပြင်ဆင်ပြောင်း လဲရန်မှာ မဖြစ်နိုင်တော့ကြောင်း ဦးသက်ဇင်က သုံးသပ်သည်။
‘‘ပြည်သူတွေက လက်မခံ ဘူးပြောပေမယ့် တပ်မတော်ရဲ့ အရင်ကလုပ်ဆောင်ခဲ့တဲ့လုပ်ရပ် တွေအရဆိုရင် ပြန်ပြီးသုံးသပ်ပြင် ဆင်တာမျိုးလုပ်တော့မှာမဟုတ် ဘူး’’ဟု ၎င်းက ဆိုသည်။
ဦးမြင့်ဆွေနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသူများနှင့် ပြည် သူအချို့က သဘောထားတင်းမာ ပြီး တပ်မတော်အစိုးရခေါင်း ဆောင်များအပေါ် သစ္စာရှိသူဟု လက်ခံယုံကြည်ထားသော်လည်း ၎င်းနှင့်နီးစပ်သူအချို့ကမူ ဦးမြင့် ဆွေသည် အလုပ်အပေါ်တာဝန် ကျေစွာလုပ်ဆောင်နိုင်သူတစ်ဦး ဟု သုံးသပ်ကြသည်။
‘‘ဦးမြင့်ဆွေက လူတော်တစ် ယောက်ပဲ။ မျှမျှတတရှိတယ်။ အောက်က၀န်ထမ်းတွေ အပေါ် မှာလည်း သက်ညှာတယ်။ အ တွေ့အကြုံရင့်ကျက်ပြီး ထိန်း ထိန်းသိမ်းသိမ်းနေလို့လည်း တပ် မတော်က တင်မြှောက်တဲ့ဒုသမ္မတ နေရာကို ရရှိတာလို့ထင်တယ်။ သူက ဟော့ဟော့ရမ်းရမ်းမရှိဘူး။ အသောက်အစားလည်းကင်း တယ်။ စစ်တပ်မှာတော့ တင်း ကျပ်တယ်။ အရပ်ဘက်ရောက် တော့ ပျော့ပျောင်းတယ်။ ဒီချုပ် က တင်တဲ့ဒုသမ္မတနှစ်ဦးနဲ့ ပူး ပေါင်းပြီးလုပ်နိုင်လိမ့်မယ်ထင်ပါ တယ်။ လက်ရှိဒုသမ္မတ စိုင်း မောက်ခမ်းလိုမျိုးပေါ့။ ပျော့ ပျောင်းညင်သာစွာနဲ့ သမ္မတရဲ့ လမ်းညွှန်ချက်တွေကို တာဝန် ကျေအောင်လုပ်နိုင်ပါလိမ့်မယ်’’ ဟု ဦးမြင့်ဆွေနှင့် အုပ်ချုပ်ရေး လုပ်ငန်းများတွင် ၁၀ နှစ်ခန့်ကြာ လက်တွဲလုပ်ကိုင်ခဲ့ဖူးသူ အငြိမ်း စားအရာရှိတစ်ဦးက မှတ်ချက်ပြု သည်။