WELCOME !

မင်္ဂလာပါ WE LOVE MYANMAR မှ လှိုက်လှဲနွေးထွေးစွာကြိုဆိုပါတယ်

Thursday, March 31, 2016

မှုခင်းကိစ္စစုံစမ်းရန် တယ်လီနောဖုန်းသုံးစွဲသူ ၅၀ ကျော်၏အချက်အလက်များကို ရဲတပ်ဖွဲ့ တောင်းယူ


 မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းကိစ္စဖြစ်စဉ်များ စုံစမ်းရာတွင် အသုံးပြုရန် တယ်လီနောဖုန်းအသုံးပြုသူ ၅၈ ဦး၏ အချက်အလက်တောင်းဆိုမှုများ ရှိခဲ့ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် ပတ်တာဖာဘတ်က ပြောသည်။
‘‘ရဲတပ်ဖွဲ့ကနေ မှုခင်းကိစ္စ တွေစုံစမ်းဖို့အတွက်ဆိုပြီး တယ် လီနောဖုန်းအသုံးပြုသူတွေရဲ့အ ချက်အလက်တွေကို တောင်းဆိုခဲ့ တာ ၅၈ ခုအထိ ရှိခဲ့ပါတယ်။ တယ်လီနောအနေနဲ့ တောင်းဆိုမှု တွေကို သေချာစိစစ်ပြီး ၁၁ ခုကိုပဲထုတ်ပေးခဲ့ပါတယ်’’ဟု ပတ်တာဖာဘတ်က ပြောသည်။
ဖုန်းအသုံးပြုသူများထံမှ အ ချက်အလက်များ တောင်းဆိုရာ တွင် လူသတ်မှု၊ လူပျောက်မှု စ သည့်မှုခင်းဖြစ်စဉ်များနှင့်ပတ် သက်၍ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး တယ်လီနောက ဥပဒေအကြံပေး ဖြင့် တောင်းဆိုမှုကို ခိုင်လုံမှုရှိ၊ မရှိ ဆွေးနွေးခဲ့ပြီး ၁၁ ခုကိုသာ ထုတ်ပြန်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘ နိုင်ငံတော်လုံခြုံရေးနဲ့ မှု ခင်းကိစ္စတွေအတွက် ရဲက သူတို့ လိုချင်တဲ့ အချက်အလက်တွေ တောင်းတဲ့အခါမှာ အသုံးပြုသူ တွေရဲ့ အခွင့်အရေး မဆုံးရှုံး အောင် သေချာစဉ်းစားပြီးမှ လုပ် ရပါတယ်။ အဲဒီအတွက် ဘယ်လို အချက်တွေဆိုရင် ပေးသင့်တယ်၊ မပေးသင့်ဘူးဆိုတာ စည်းမျဉ်း တွေ ရေးဆွဲနေပြီး မကြာခင်မှာ အသုံးပြုသူတွေသိအောင် ထုတ် ပြန်ပေးသွားမှာဖြစ်ပါတယ်’’ဟု ပတ်တာဖာဘတ်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ မှုခင်းကိစ္စများအတွက် မိုဘိုင်းဖုန်းအသုံးပြုသူများ၏အ ချက်အလက်များကို တောင်းခံရာ ၌ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၏ထောက်ခံချက်ဖြင့်တောင်း ခံရသည့်စနစ်ကို ယာယီ အသုံးပြု လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment